Saturday, January 3, 2009
| Prisoners | in remote prisons | in Burma | |
ဘူးသီးတောင်ထောင်
| မြင်းခြံထောင် ကိုရဲမင်းဦး ကလေးမြို့အကျဉ်းထောင် ရဲမြတ်ဟိန်း ခန္တီးထောင် ဦးဂမ္ဘီရ | တောင်ကြီးထောင်
| လားရှိုးထောင် မော်လမြိုင် |
မုန်တိုင်းသင့်ဒေသများတွင် တည်ဆောက်ရေးလုပ်ငန်းများ ပုံမှန်မရှိသေး
မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဘိုကလေးမြို့နယ်အတွင်း အခြေအနေများကို ဒေသခံတဦးက “ပြန်လည်တည်ဆောက်ရေးဆိုပြီး ဒီရက်ပိုင်းထဲမှာ (၆) ရပ်ကွက်၊ (၈) ရပ်ကွက်တွေမှာ နေအိမ်ဆောက်ပေးဖို့ လုပ်နေတယ်၊ ဒါပေမဲ့လည်း တကယ်ဆင်းရဲတဲ့ (၇) ရပ်ကွက်မှာကျတော့ ဘာမှလုပ်ပေးတာ မရှိဘူး၊ အဲဒီရပ်ကွက်မှာက ပျက်စီးသွားတဲ့အိမ်တွေက သေးသေးကြီးကြီး ပြန်မပြင်နိုင်ဘူး”ဟု ဘိုကလေးမြို့ခံတဦးက ပြောသည်။
စစ်အစိုးရအာဏာပိုင်များက မုန်တိုင်းဒဏ်ခံလိုက်ရသည့် စာသင်ကျောင်းများ ပြန်လည်တည်ဆောက်ပြီးခဲ့ကြောင်း ပြောဆိုနေသော်လည်း ဘိုကလေးမြို့ပေါ်တွင် အမိုးအကာများပျက်စီးသွားသည့် ကျောင်းအနည်းငယ်ကိုသာ ပြန်လည်ပြုပြင်ထားသည်ဟု မြို့ခံက ပြောသည်။
“မြို့နယ်ပညာရေးမှူးရုံးရဲ့ ခေါင်းရင်းဘက်မှာရှိတဲ့ ကျောင်းတောင်မှ ဓနိမိုး ဓနိကာနဲ့ပဲ သင်နေရတယ်၊ မြင်းကကုန်းအနောက်ဘက်က ကွင်းကျောင်းဘက်မှာဆိုရင် ကျောင်းတွေက အကုန်ပြိုသွားတာ၊ အဲဒါတွေကို အခုထိ ပြန်မဆောက်နိုင်သေးဘူး၊ ရွက်ဖျင်တဲတွေနဲ့ သင်နေရတယ်၊ မြင်းကကုန်းမှာဆိုရင် (၁၀) တန်းအပြင်ဖြေဖြေမဲ့ ကျောင်းသားတွေဆိုရင် မြို့မှာသွားဖြေရမယ်၊ အဲဒီမှာ ဖြေစရာကျောင်းက အခုထိမရှိဘူးဖြစ်နေတယ်”ဟု ပြောသည်။
ဘိုကလေးဒေသအတွင်း ပညာရေးပိုင်းဆိုင်ရာ တည်ဆောက်မှုများမှာ အလွန်နည်းပါပြီး ဆင်းရဲနွမ်းပါးသည့် ကျောင်းဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအတွက် ယူနီဆက်က ထောက်ပံ့ထားသည့် သွပ်အချပ် (၅,၈၀၀) ကျော်အား ယနေ့အထိ ဝေငှခြင်းမရှိဘဲ ဘိုကလေးမြို့ပေါ် အလက (၁) ကျောင်းစတိုခန်းတွင် သိမ်းဆည်းထားကြောင်း ပညာရေးဝန်ထမ်းက ပြောသည်။
လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ အစိုးရနှင့် နိုင်ငံတကာမှ ပေးလှူသည့် ထွန်စက်များမှာ ဒေသအတွင်း အမှန်တကယ် လယ်ယာလုပ်ငန်းလုပ်ကိုင်သည့် တောင်သူများထံ ရောက်ရှိခြင်းမရှိဘဲ မြို့ပေါ်ရှိ ငွေကြေးချမ်းသာသူများနှင့် အာဏာပိုင်များနှင့်နီးစပ်သည့် အသိုင်းအဝိုင်းလောက်သာ ရရှိကြောင်း ဒေသခံ လယ်သမားတဦးက ပြောသည်။
“နိုင်ငံတော်နဲ့ အလှူရှင်တွေပေးတဲ့ ထွန်စက်တွေကို လယ်မင်းသားတွေပဲ ရတယ်၊ အဲဒီလူတွေက မြို့က ပိုက်ဆံရှိသူတွေ၊ လယ်တွေကိုဝယ်ပြီး လူငှားနဲ့လုပ်တဲ့သူတွေ အဲဒီလူတွေက စက်ရတယ်၊ အခုလက်ရှိ မြို့ပေါ်က သူတို့အိမ်မှာပဲ စက်တွေကိုထားတာ”ဟု ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက စစ်အစိုးရအကြီးအကဲ လာရောက်စဉ်က ဒေသဆိုင်ရာ အာဏာပိုင်များက မုန်တိုင်းဒဏ်သင့်ဒေသများတွင် စပါးစိုက်ပျိုးမှုများမှာ ရာနှုန်းပြည့်မှီကြောင်း တင်ပြပြောဆိုခဲ့ကြသော်လည်း တကယ်တမ်း စိုက်ပျိုးနိုင်မှုမှာ ၃၅% နှင့် ၅၀% ကြားတွင်သာရှိကြောင်း အဆိုပါလယ်သမားက ပြောသည်။
“အောက်ခြေက လွဲမှားတဲ့ တင်ပြမှုတွေဟာ နိုင်ငံတော်အကြီးအကဲအတွက်ရော ဒေသတွင်းက ပြည်သူတွေအတွက်ရော တခုမှ အကျိုးပြုတာမရှိပါဘူး၊ အဲလိုတင်ပြမှုကြောင့် မကြာခင်မှာ အားလုံး အခက်အခဲတွေ ကြုံတွေ့ရမှာပါ၊ အခုဆို ဧက (၅၀၀) လောက် စိုက်တဲ့သူက စပါးတင်း (၁,၅၀၀) လောက်ပဲ ရတယ်၊ တဧကကို (၄) တင်းကနေ (၁၇) တင်း ဝန်းကျင်လောက်ပဲ ထွက်တယ်၊ အထွက်နှုန်းက မမှီ၊ စပါးဈေးက ကျတာနဲ့ နွေစပါးစိုက်ဖို့ဆိုတာ မလွယ်တော့ဘူး”ဟု ပြောသည်။
နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း ဘိုကလေးမြို့ပေါ်တွင် ကျန်းမာရေးစောင့်ရှောက်မှုတခုသာ ယခင်ကထက် ကောင်းမွန်လာကြောင်း မြို့ခံက ပြောသည်။
“နာဂစ်ဖြစ်ပြီး (၂) လကျော်ကြာတော့ ဘိုကလေးပြည်သူ့ဆေးရုံမှာ အရင်ကထက် နွေးထွေးမှုလေးတွေ တွေ့လာရတယ်၊ အဲလိုတွေ့ရတာကလဲ လှူဒါန်းထားတဲ့ ဆေးဝါးတွေက ဆေးရုံမှာ အများကြီးရှိနေတယ်၊ ဆရာမတွေကလဲ လူသားချင်းစာနာတတ်ပုံရတော့ အခမဲ့ကုသမှုတွေမှာ တော်တော်နူးညံ့သိမ်မွေ့လာတာကို တွေ့ရပါတယ်၊ NGO အဖွဲ့တွေကလဲ ဆေးကုသပေးတာတွေ ရှိတယ်၊ ဘိုကလေးမှာဆိုရင် ခရစ်ယာန်အသင်းတော်က အခမဲ့သွားစိုက်ပေးတာ၊ အခမဲ့ဆေးကုပေးတာတွေ ရှိတယ်”ဟု ပြောသည်။
ထို့အပြင် မကြာခင်ရက်ပိုင်းအတွင်းက နယ်စည်းမခြားဆရာဝန်များအဖွဲ့(MSF) က လေးနှစ်စာအတွက် ဆေးဝါးပစ္စည်းများ လှူဒါန်းမည်ဖြစ်ကြောင်း ပြောဆိုလာသည့်အတွက် ဒေသခံပြည်သူလူထုအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ ကောင်းမွန်နိုင်ကြောင်း အဆိုပါမြို့ခံက ဆက်ပြောသည်။
နာဂစ်ဖြစ်ပြီးနောက်ပိုင်း ဘိုကလေးမြို့ပေါ်တွင် အဆိုးဆုံးမှာ လမ်းပျက်စီးမှုများကို သက်ဆိုင်ရာ စည်ပင်သာယာဝန်ထမ်းများက ပြုပြင်ခြင်းလုံးဝမရှိကြောင်း ၎င်းက ပြောသည်။
“တမြို့လုံး လမ်းတွေပျက်နေတယ်၊ စည်ပင်သာယာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေလာမယ်ဆိုလို့ (၁၈) လမ်း ကားလမ်းတံတားထိပ်ကနေ ဆေးရုံထောင့်အထိပဲ ဟန်ပြလုပ်တာရှိတယ်၊ သူတို့က ကတ္တရာတို့ ကျောက်တို့ သဲတို့ထုတ်ပြီး ရောင်းစားတာလောက်ပဲ ရှိတယ်၊ ဘိုကလေးကို (၁၅) ရက်တကြိမ်လောက် ဗိုလ်ချုပ်မှူးကြီး လာမယ်ဆိုရင်တော့ လမ်းတွေကောင်းသွားနိုင်ပါတယ်”ဟု ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စစ်အစိုးရအကြီးအကဲဖြစ်သူက နာဂစ်မုန်တိုင်းဒဏ်သင့်ဒေသများသို့ သွားရောက်ခဲ့ရာတွင် အောက်ခြေအဆင့် တာဝန်ရှိသူများက ပကတိအခြအနေမှန်များကို ဖုံးကွယ်ထားပြီး ပြည်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် အကောင်ထည်ဖော် ဆောင်ရွက်ပြီးခဲ့ကြောင်း တင်ပြပြောဆိုခဲ့ကြသည်။
မြန်မာ့နိုင်ငံရေး ညီညွတ်ကြရန် ရွှေကျင်ဂိုဏ်းချုပ် ဆရာတော်ကြီး သတိပေး | |||||
ယနေ့ မြန်မာ့နိုင်ငံရေးကိုကြည့်လျှင် မိမိ မြန်မာနိုင်ငံထွက် မုန့်ပြားသလက်လေးကိုပင် ညီညီညွတ်ညွတ် တစားပွဲတည်းထိုင်ပြီး အတူမစားနိုင်သည့်အဖြစ် ရောက်နေသည်မှာ ၀မ်းနည်းစရာကောင်းသည်ဟု သက်တော် (၉၀) ကျော် မန္တလေးမြို့ ရွှေကျင်သာသနာပိုင်ချုပ် ဆရာတော်ဘုရားကြီး ဦးအဂ္ဂိယက ခေတ်ပြိုင်သို့ အမိန့်ရှိသည်။ မြန်မာပြည်သူများအတွက် ၂၀၀၉ နှစ်ဆန်း သြ၀ါဒကထာမြွက်ကြားပါရန် ခေတ်ပြိုင်မှ လျှောက်ထားရာ ဆရာတော်ဘုရားကြီး ဦးအဂ္ဂိယက ယခုကဲ့သို့ မိန့်ကြားခြင်းဖြစ်သည်။ ပရိတ်ကြီးနိဒါန်းလာ သမဂ္ဂါ ဆိုသည့်အတိုင်း ညီညီညွတ်ညွတ်ရှိကြရန် ဆရာတော်ဘုရားကြီးက တိုက်တွန်းလိုက်သည်။ ယင်းသို့ ညီညွတ်ရေး ဆုံးမခြင်းကိုပင် အချို့က နိုင်ငံရေးလုပ်သည်ဟု ဆရာတော်ကြီးအပေါ် အထင်မှားနေကြောင်းကိုလည်း ယခုကဲ့သို့ မိန့်ကြားသည်။ “ဒါကြောင့် ဘုန်းကြီးကတော့ မန္တလေးမှာ တခါတခါ ပြောပါတယ်။ တို့က ညီညွတ်ရေးပြောဟော မင်းတို့ အဲဒါ နိုင်ငံရေးထင်နေ ခက်တယ်ကွလို့။ ဘယ်သူ့ရယ်လို့မဟုတ်ဘူး အဲဒါတွေ တခါတခါ ထည့်ပြောဖူးတယ်။ ညီညွတ်ရေးလုပ်တယ်ဆိုတာ နိုင်ငံရေးလုပ်တာမဟုတ်ဘူး။ နိုင်ငံရေးလုပ်ချင်ရင် လူထွက်ပြီးတော့ နိုင်ငံရေးလုပ်မှာပေါ့ကွလို့။ ရုံးတွေဘာတွေ ထိုင်ရအောင် လုပ်မှာပေါ့ကွလို့။ လူထွက်ပြီးတော့လည်း နိုင်ငံရေးမလုပ်ပါဘူးလို့။ သင်္ကန်းဝတ်နဲ့လည်း နိုင်ငံရေးလုပ်တာမှုတ်ဘူး။ ညီညွတ်ရေးပြောတာကွလို့။ ညီညွတ်ရေးနဲ့ နိုင်ငံရေးနဲ့ ကွဲပြားဖို့ အရေးကြီးတယ်လို့။ အမေအဖေနဲ့ သားသမီးတည့်အောင်ပြောနေတာ မင်္ဂလာတရားနဲ့ နိုင်ငံရေးတရားနဲ့ မတူဘူးကွလို့။ တို့ကတော့ ဘယ်ပါတီ ကောင်းစားပါစေ၊ ဘယ်သူကတော့ တက်ပါစေ၊ ဘယ်သူက ထိပ်တန်းကျပါစေ။ တို့ကတော့ မျှတတယ်ကွလို့” ဟု ဆရာတော်ကြီးက မိန့်ကြားသည်။ သို့သော် မြန်မာ့နိုင်ငံရေးမှာ စစ်အစိုးရနှင့် အတိုက်အခံ ယခုထိ ညီညွတ်ပုံမရဟု ဆရာတော်ကြီးက ယူဆသည်။ စားပွဲထိုင်ပြီး မဆွေးနွေးနိုင်ဖြစ်နေသည့် မြန်မာ့နိုင်ငံရေးအခြေအနေကို ရည်ညွှန်းပြီး “အကုန်လုံး ညီညီညွတ်ညွတ်နဲ့ စားပွဲကြီးတခုပေါ်မှာ နှစ်ဘက်က တက်ရင် ဟိုဘက် (၄) ယောက် ဒီဘက်က (၄) ယောက် လက်ဖက်ရည်သောက်နေတာ၊ ပေါင်မုန့်အတူစားနေတာ တို့က ကြိုက်တာပါ။ မုန့်ပြားသလက် အတူတူစားနေတာ ကြိုက်တာပါ။ ခုတော့ ကိုယ့်နိုင်ငံကထွက်တဲ့ မုန့်ပြားသလက်လေးကို လူ (၈) ယောက် (၉) ယောက် ၀ိုင်းမစားနိုင်တဲ့အဖြစ်ရောက်နေရတာ အဲဒါဝမ်းနည်းတာပါကွလို့။ ကိုယ့်နိုင်ငံကထွက်တဲ့ မုန့်ပြားသလက်လေးကို စားကြည့်စမ်းပါ ညီညီညွတ်ညွတ်နဲ့။ အချင်းချင်းကွာ” ဟု ရွှေကျင်သာသနာပိုင်ချုပ် ဆရာတော်ကြီးက တိုက်တွန်းလိုက်သည်။ မန္တလေးမြို့ ဘုန်းကြီးကျောင်းများမှ လိုင်စင်မဲ့ကားများ သိမ်းသည့်အချိန်တွင် ရွှေကျင်သာသနာပိုင်ချုပ် ဆရာတော်ဘုရားကြီး ဦးအဂ္ဂိယကျောင်းမှ ကားများကိုလည်း စစ်အစိုးရ သိမ်းယူထားရာ ယခုထိ ပြန်မပေးသေးကြောင်း ဆရာတော်က အမိန့်ရှိသည်။ နိုင်ငံခြားရေဒီယိုအချို့နှင့် ဆရာတော်ကြီး တချိန်က မေးမြန်းလျှောက်ထားချက်အချို့နှင့် ပတ်သက်ပြီး စစ်အစိုးရကို ပုတ်ခတ်သည်ဟု အစွပ်စွဲခံရမှုများနှင့် ပတ်သက်၍လည်း “မင်းကို တို့က ပုတ်ခတ်တာမဟုတ်ဘူး။ အစိုးရကို ပုတ်ခတ်တာမဟုတ်ပါဘူး၊ အစိုးရကို တို့က မြှင့်တင်တာပါ။ အစိုးရကို တို့က ဂုဏ်ပြုတာ။ ကံနဲ့တောင်တူတဲ့မင်း။ မင်းနဲ့တူတဲ့ကံ။ ကံမင်းပြုက ခံရရှာသည်။ အဲတော့ ကံက မင်းနဲ့တူလိုက်၊ ဆရာနဲ့တူလိုက်၊ အဖေနဲ့တူလိုက်၊ အမေနဲ့တူလိုက်၊ ဘာနဲ့တူလိုက်၊ ညာနဲ့တူလိုက်နဲ့။ ဒီလိုဆိုရင် ကံက ဘယ်ကစဖြစ်တာလဲ။ ကံဘယ်က စပေါ်တာလဲ။ ကံမင်းပြုတာ ခံရရှာသည်။ ကံဟာ ဘယ်ကဖြစ်ကုန်ကြဟု တွေးဆသောခါ ကံဖြစ်ရာသည် ကိုယ်သာပြုသည့်အမှုတည်း--တဲ့” ဟု ဆရာတော်က ရှင်းပြသည်။ | |||||









